အဓိက နဲ. သာမည

Thursday, 23 August 2012


အခုတလော မြန်မာပြည်အရေးက စိတ်ဝင်စားစရာ ဖြစ်လာနေတယ်လို. လူတွေက ပြောနေကြပါတယ် ။ ကျမလို နိုင်ငံ့အရေးကို မနေ.တနေ.ကမှ ဝင်ရောက်လာသူအတွက် နားလည်ဖို. ခက်ခဲပါတယ် ။ ဥပဒေ တွေ ၊ လုပ်ထုံးတွေဆိုတာကတော့ ပိုဝေးပါသေးတယ် ။ ဒါပေမယ့် အခုဖြစ်စဉ်ကို အကြမ်းဖျင်းကြည့်မိတော့ အာဏာလိုချင်ကြတာလားလို.တောင် တွေးမိပါတယ် ။

မြန်မာနိုင်ငံက ပါတီအများဆုံးနိုင်ငံဖြစ်တယ်ဆိုကတည်းက ဘယ်လောက်တောင် အယူအဆတွေ ကွဲပြားနေကြသလဲဆိုတာ သိသာလှပါတယ် ။ ပြောတော့ နိုင်ငံ့အကျိုးလုပ်ချင်လို.ပါ ၊ နိုင်ငံချစ်လို.ပါ ဆိုပေမယ့် ဘာကြောင့် နိုင်ငံအကျိုးသယ်ပိုးသူချင်း ကွဲပြားနေကြတာလဲ ။ တကယ်တော့ အာဏာ၊ ပါဝါ ၊ နေရာတွေ မရပေမယ့်လည်း နိုင်ငံအကျိုး လူမသိ သူမသိ လုပ်နေသူတွေ တပုံကြီးရှိကြပါတယ် ။ ရွေးကောက်ပွဲမှာ နိုင်လာကြပြီး လွှတ်တော်အမတ်ဖြစ်လာကြတယ် ဆိုတာ ဂုဏ်ယူစရာပါ ။ တကယ်လို.များ နိုင်ငံ့အကျိုးအတွက် လိုအပ်တာမြင်လို. ပြုပြင်ချင်တယ်ဆိုရင် လွှတ်တော်မှာ တင်ပြဆွေးနွေးလို.ရနိုင်မယ်လို.ထင်ပါတယ် ။ ဒီ ပြည်ထောင်စုအဆင့်တွေ ဘာတွေ မဟုတ်ပဲ နဲ.ပေါ့ ။ ဒီပြည်ထောင်စုအဆင့် ဖြစ်မှ တင်ပြဆွေးနွေးလို.ရတာပါလား ။ တကယ် မသိလို.ပါ ။


လွှတ်တော်ကို တနှစ်မှာ ၈ လ ခေါ်ယူကျင်းပမယ်လို. ကြားသိရပါတယ် ။ ဒီများပြားလှတဲ့ လွှတ်တော် အမတ်များနဲ. လွှတ်တော် ကျင်းပ စရိတ်က နိုင်ငံတော်က ကျခံရတာပါ ။ ဒီ ၈ လမှာ နိုင်ငံ့အရေး ၊ ပြုပြင်ပြောင်းလဲရေး များကို ကောင်းကောင်းကြီး တင်ပြ ဆွေးနွေးနိုင်လိမ့်မယ်လို. ယုံကြည်ပါတယ် ။ လွှတ်တော် အမတ် လွှတ်တော် တက်တယ်ဆိုတာ ဒီအလုပ်လုပ်ဖို.ပဲ မဟုတ်ပါလား ။ တခါတလေ ဖေ့ဘွတ်ပေါ်မှာ လွှတ်တော်အမတ်များ အိပ်ငိုက်နေတဲ့ ပုံလေးများ တင်ထားတာတွေ.ရင် စိတ်မကောင်းမိပါဘူး ။ ဒါဟာ မကောင်းတဲ့ လက္ခဏာ တစ်ရပ်ပါ ။ ကိုယ့်အလုပ်ကို စိတ်ဝင်စားစေချင်ပါတယ် ။

အစိုးရ အနေနဲ.ကကော.. ။ လွှတ်တော် ကိုယ်စားလှယ်တွေ ပြောဆိုချက်အရ သူတို. လမ်းလျှောက်နေရပါတယ် ၊ စားသောက် နေရေး အဆင်မပြေသလို ကြားနေရပါတယ် ။လွှတ်တော်မှာ ရေကို ခွဲတမ်းနဲ. ရယူနေရပါတယ် ။ စက်ကိရိယာ ပစ္စည်းတွေကို ကိုယ်စားလှယ်တွေက အချိုးကျ ထည့်ဝင် ဝယ်သုံးနေရပါတယ် တဲ့ ။ လွှတ်တော် အမတ်များရဲ့ ရပိုင်ခွင့်များကို အပြည့်အဝ ပေးပြီးပြီဖြစ်တာမို. လွှတ်တော် တက်ချိန်မှာ ဒီလိုနေရတာပါဆိုရင်တော့ ကျမ မသိပါ ။ သို.သော် လွှတ်တော်တွင်း ပစ္စည်း ကိရိယာများ လုံလောက်မှု.မရှိခြင်း ၊ ရေ မလုံလောက်ခြင်းကိုတော့ ဖြည့်ဆည်းပေးသင့်ပါသည် ။

ထို.နည်းတူ အစိုးရပိုင်း နှင့် လွှတ်တော် ကိုယ်စားလှယ်များ အပြန်အလှန် လေးစားသင့်သည် ။ အစိုးရပိုင်း ဖြစ်စေ ၊ လွှတ်တော်ကိုယ်စားလှယ် ဖြစ်စေ အများစု သည် အင်အားကြီးပါတီ တစ်ခုတည်း မှ ဆင်းသက်လာကြသူများဖြစ်ပြီး ယခုကဲ့သို. ဖြစ်နေခြင်းသည် အလွန် ရုပ်ဆိုး ကျည်းတန်လှသည် ။
နိုင်ငံ့အကျိုးကို ဆောင်ရွက်ရာတွင် ဒီနေရာရမှ ၊ ဒီရာထူးရမှ ၊ ဒီအခွင့်အရေး ရမှ လုပ်နိုင်မည် မဟုတ် ။ ပင်ကိုယ် စိတ်ရင်းဖြင့် နိုင်ငံ့အကျိုးကို တကယ်ကြည့်ပြီး အပြုသဘောဖြင့် ဆောင်ရွက်စေလိုပါသည် ။ အစိုးရ နှင့် လွှတ်တော် ဟန်ချက်ညီစေလိုပါသည် ။


မြန်မာနိုင်ငံသည် တိုင်းရင်းသားအရေး ၊ အတိုက်အခံအရေး ၊ နယ်စပ်ခိုးဝင်မှု.အရေး စသည်ဖြင့် အရေးပေါင်းစုံနေသော နိုင်ငံဖြစ်ပါသည် ။ ယခု အရေးကြီးနေသော အချိန်တွင် အစိုးရနှင့် လွှတ်တော် နားလည်မှု.လွဲနေခြင်းသည် ရန်သူ.အားရ ဖြစ်စေပါသည် ။ တကယ့်အရေးကြီးသော နယ်စပ်ပြဿနာ ဖြေရှင်းလို. မပြီးသေးပါ ။ သွေးစည်းစေချင်ပါသည် ။ ဒီအခေါ်အဝေါ် ၊ ရာထူးအဆင့်အတန်းသည် တကယ့် နိုင်ငံ့အရေး နှင့် ယှဉ်လိုက်ပါက ဘာမျှ မပြောပလောက်ပါ ။ ဒါကြောင့် အငြင်းပွားနေမှု.ကို ရပ်တန်းက ရပ်ကြပြီး အဓိက အရေးကြီးတဲ့ တကယ့် နိုင်ငံ့အရေးကို ဆောင်ရွက်နိုင်ကြပါစေရန် စေတနာဖြင့် ............

လေးစားစွာဖြင့်
simple views

2 comments:

WHY? WHY? WHY? said...

ကလောင်နာမည်နဲ့လိုက်အောင်ကို ရိုးရိုးသားသားနဲ့ တိုင်းပြည်အတွက် ကိုယ်ဖြစ်စေချင်တာကို ရေးတာပေါ်လွင်ပါတယ်။ ကြိုက်တယ်။ ဝါကြွားတာတွေ၊ ဖိန်းတာတွေ ဟိန်းတာတွေ မပါဘူး။

အခုအငြင်းပွားနေတာကိုတော့ ဖြေရှင်းဖို့လိုတယ်လေ၊ ဒါပေမဲ့ ပြေလည်အောင်ဖြေရှင်းချင်ရင် ဖြေရှင်းလို့ရပါတယ်၊ ဘယ်ပြဿနာ မဆိုပါ၊ ရိုးသားဖို့ ပွင့်လင်းဖို့ စိတ်ရှည်ဖို့ပဲ လိုပါတယ်။

အလုပ်ပေါ်မူတည်ပြီး နာမည်တို့ နေရာတို့ဟာလဲ အရေးကြီးပါတယ်။ ရဲမဟုတ်ရင် ဖမ်းလို့မရဘူး၊ တရားသူကြီးမဟုတ်ရင် စီရင်ချက်ချလို့မရဘူး။ ကျောင်းအုပ်ကြီးမဟုတ်ရင် အောက်ကဆရာတွေကို တာဝန်ပေးလို့မရဘူး။ အခု မြေသိမ်း ယာသိမ်းသိမ်းနေတယ်၊ ဝန်ကြီးမဟုတ်၊ သမ္မတမဟုတ်ရင် ရပ်မိန့်ပေးဖို့ တားဆီးအပြစ်ပေးဖို့ မလုပ်နိုင် . . စသဖြင့် စသဖြင့်ပါ။ အဆင့်က စကားပြောပါတယ်။

ဒါပေမဲ့ ဆင်းပဲလ်ဗျူးရဲ့ စေတနာကို သဘောကျလို့ ဖဘမှာ ကူးတင်လိုက်တယ်နော်။ ခွင့်ပြုမယ်လို့ ယူဆပါတယ်။

အလွမ်းမြို့ said...

တကယ့်ကောင်းတဲ့ အရေးအသားတွေ။
အကုန်လုံးကို အပြည့်အဝ အားပေးသွားတယ်။

Related Posts Plugin for WordPress, Blogger...




လာရောက်လည်ပတ် ဖတ်ရှုသူအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ဤ စာမျက်နှာမှ စာများကို ကြိုက်နှစ်သက်ပြီး မိတ်ဆွေ (သို့) သူငယ်ချင်းများ သို့ တစ်နည်းနည်းဖြင့် ကူးယူဖော်ပြ မျှဝေသုံးစွဲမည်ဆိုပါက ဤစာမျက်နှာ ၏ Owners များထံမှ ခွင့်တောင်းပြီးမှသာ ဖော်ပြပေးပါရန် လေးနက်စွာ အသိပေးအပ်ပါသည်။